ကဲ 2019 တုန်းက နာမည်အရမ်းကြီးခဲ့တဲ့ Knives Out ရဲ့ ဒုတိယရုပ်ရှင်ထွက်လာပါပြီ။ Glass Onion ဆိုတဲ့နာမည်ကတော့ ကမ္ဘာကျော် Beatles အဖွဲ့ရဲ့ သီချင်းကို ကိုးကားထားတာပါပဲ။ ပထမကားနဲ့မစပ်ဆက်ဘဲ သီးသန့်အမှုတစ်ခု ကြည့်ရမှာပါ။ မင်းသားကတော့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ်ခရိတ်ပဲ စုံထောက်ကြီး Benoit Blanc ဘန်ဝါး ဘလန့် အနေနဲ့ ပြန်ပါလာတာပါ။ ဒီတစ်ကားမှာလည်း အရင်ကားလိုပဲ နာမည်ကြီးတွေ အပြည့်ပါပါတယ်။ Fight Club မင်းသားကြီး Edward Norton၊ Hidden Figure ထဲက Janelle Monáe၊ Dave Bautista၊ အက်မင့်ဆော် Jessica Henwick၊ Ethan Hawke တို့အစုံပါပဲ။ ကိုဗစ်ကာလမှာရိုက်ထားတာမို့ အစပိုင်းမှာ Maskတွေ တပ်ဆင်ထားတာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကားပီပီအများကြီးမပြောတော့ပါဘူး။ ဘီလီယံနာတစ်ယောက်ဟာ သူ့ရဲ့မိတ်ဆွေဟောင်းဖြစ်တဲ့ အမတ်၊ မော်ဒယ်၊ ယူကျုဆယ်လီ၊ သိပ္ပံပညာရှင် စတဲ့လူစုံကို အားလပ်ရက်မှာ သူ့ရဲ့ ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်ကို ဖိတ်လိုက်ပါတယ်။ စားသောက်အနားယူရင်း လူသတ်ပဟေဠိဖော်တမ်းကစားဖို့ပေါ့လေ၊ အဲဒီအတွက် နာမည်ကျော်စုံထောက်ကြီး ဘန်ဝါး ဘလန့်လည်း ဖိတ်ခေါ်ခံလိုက်ရပါတယ်။ အဲဒီကျွန်းပေါ်မှာ ဘယ်သူတွေသေပြီး အမှုတွေဘယ်လိုလိုက်ကြမလဲဆိုတာကိုတော့ ဆက်ကြည့်ရမှာပါပဲ။ ပထမကားလိုပဲ ဟာသတွေ ဉာဏ်စမ်းတွေအပြည့်ပါတာမို့ ကြိုက်ကြမှာပါ။
Daniel Craig, Dave Bautista, Edward Norton, Janelle Monáe, Jessica Henwick, Kate Hudson, Kathryn Hahn, Leslie Odom Jr., Madelyn Cline, Noah Segan