Gudetama: An Eggcellent Adventure (2022)

Gudetama: An Eggcellent Adventure (2022)

2022-06-14
669
Animation Comedy Cartoon

တစ်ပိုင်းဆယ်မိနစ်ကျော်လောက်နဲ့ ဆယ်ပိုင်းပါတဲ့ နက်ဖလစ်ရဲ့ ဒီဂျပန်ဟာသစီးရီးတိုလေးကို တော်တော်များများလည်း trailerကြည့်ပြီးလောက်ပါပြီ။ ချစ်ဖို့ကောင်းတဲ့ ရှခိပိယောလို့ခေါ်တဲ့ ကြက်ပေါက်လေးနဲ့ စွပျင်းကြက်ဥ ဂုဒဲတမတို့ရဲ့ ချစ်စရာကောင်းတဲ့ အမေရှာပုံတော်ခရီးကို အကြောင်းကို တစ်ပိုင်းတစ်ပိုင်းစီမှာ စိတ်ဝင်စားစရာ အကူဇာတ်ကောင်တွေထည့်ပြပြီး ရိုက်ကူးထားတဲ့ ချစ်ဖို့ကောင်းတဲ့ စီးရီးတိုလေးပါပဲ။ တစ်ပိုင်းကိုမှ အချိန်ဆယ်မိနစ်ပဲ ပေးရတဲ့အပြင် ချစ်ဖို့လည်းတော်တော်ကောင်းတာမို့ အသက်အရွယ်မရွေး သဘောကျလောက်မယ့် ဇာတ်ကောင်လေးတွေအကြောင်းဆိုလည်း မမှားပါဘူး။ သူ့ယူနီဗာ့စ်မှာ ကြက်ပေါက်ကလေးရယ်, စကားပြောတတ်တဲ့ကြက်ဥတွေဖြစ်တဲ့ ကြက်ဥပုတ်, ကြက်ဥမာဖီးယား, ကြက်ဥပြုတ် , ကြက်ဥပေါင်း ,ဆေးကြက်ဥ, ကြက်ဥမွှေကြော် , ကြက်ဥပူတင်း , ကြက်ဥငပျင်း အစရှိသဖြင့် ကြက်ဥပေါင်းများစွာရယ် , ကြက်မကြီးတွေရယ် , ဒီစကားပြောတတ်တဲ့ ကြက်ဥတွေကိုမြင်ရတဲ့လူတွေရယ်, မမြင်ရတဲ့လူတွေရယ် ပါဝင်ပြီး ကြက်မပျောက်လို့ ကြက်ဥရှာကြတဲ့ စွန့်စားခန်းကြီးကို စ,လယ်, ဆုံး ချစ်ဖို့ကောင်းနေအောင် ရိုက်ပြထားတဲ့ ကြက်ဥဋီကာကာတွန်းဇာတ်လမ်းတွဲကြီးပါပဲ။ အရင်ဆုံး trailerမကြည့်ရသေးရင် ကြည့်ကြည့်လိုက်ကြပါ။ ဂုဒဲတမဟာ Trailer ကြည့်ပြီးရင် လူတော်တော်များများ ကြည့်ချင်သွားကြမယ့် ကြည့်ရှုချိန် မိနစ်၁၀၀ရာကျော်သာ ကြာမြင့်မယ့် ဂျပန်စီးရီးတိုလေးပါပဲ။

Starring

Akiyoshi Nakao, Sarutoki Minagawa, Seiran Fukushima, Seiya, Serena

Official Trailer

Download / Watch

Home VPN Rates More