ဟာသဘုရင်ကြီး Steven Chow ရဲ့ ၁၉၉၀ ကဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အထာကျကျ ဆရာကြီး ရဲအရာရှိ Biao တစ်ယောက် မူးယစ်ဆေးဂိုဏ်းတစ်ဂိုဏ်းကိုတစ်ကိုယ်တော်ဝင် ဖြိုခွင်းရင်း အသတ်ခံလိုက်ရပါတယ်။လောင်းကစားလုပ်တတ်တဲ့ ဝါသနာဆိုးကြောင့် သူ့ကိုလောင်းကစားကျွေးမပေးနိုင်လို့ကိုယ့်ကိုကိုယ်သတ်သေသွားတာလို့ပဲအားလုံးကထင်ကြတဲ့အတွက် သူ့ရဲ့ သေဆုံးမှုအကြောင်း အမှန်အတိုင်းဖြစ်စေဖို့ လူပြည်ကိုပြန်လာခဲ့ပါတယ်။အဲဒီမှာ သူ့ရဲ့ကယ်တင်ရှင်ဖြစ်မယ့် ရဲသားသစ် Sing(Steven Chow) ကိုတွေ့ပြီး သူ့အတွက်လက်စားချေပေးပြီးသူ့ရဲ့နာမည်ကို ပြန်လည်သန့်ရှင်းပေးရင် Sing အတွက် ရာထူးတိုးပြီး ကောင်မလေးနဲ့ အဆင်ပြေအောင်လုပ်ပေးမယ်ဆိုပြီး အပေးအယူဖြစ်သွားကြပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီး ဘာတွေတလွဲတွေဖြစ်မလဲ ဆိုတာ ပါးစပ်မပိတ်ရအောင် ရယ်နေရမှာဖြစ်ပါတယ်။IMDB Rating ကတော့ 6.1 ရှိပါတယ်။
Amy Yip, Bill Tung, Chan Lap-Ban, Cutie Mui Siu-Wai, Law Ching-Ho, Stanley Fung, Stephen Chow, Sunny Fang Kang, Vivian Chan