Wu Kong (2017)

ကဲနာမည်လေးမြင်လိုက်တာနဲ့သိမှာပါ။ကျွန်တော်တို့ငယ်ဘဝကတည်းကအသည်းစွဲအားပေးလာတဲ့မျောက်မင်းဝူခုန်းကားလေးဖြစ်ပါတယ်။ယခုနှစ်၂၀၁၇ထွက်ကားသစ်လေးပါ။ Action/Fantacyကားအမျိုးအစားဖြစ်ပြီးဝူခုန်းကိုအသွင်တမျိုးနဲ့မြင်ရမှာပါ။ဒီကားကိုအင်တာနက်မှာနာမည်ကြီးဝတ္ထုကိုမှီငြမ်းပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ရုံဝင်ငွေအနေနဲ့လည်းဒေါ်လာ၁၀၄သန်းအထိရရှိခဲ့တဲ့ကားလေးပါ(ဝူခုန်းဆိုတော့လည်း..)။ဇာတ်လမ်းလေးကိုတော့ဝူခုန်းကောင်းကင်ဘုံကိုပွဲသွားမကြမ်းခင်နှစ်၅၀၀အချိန်ကိုတည်ထားပါတယ်။ကျန်တဲ့အပိုင်းတွေကတော့ဝူခုန်းအကြောင်းဇာတ်လမ်းအတိုင်းကောင်းကင်ဘုံကိုအံ့တုဖို့ကြိုးစားတာမျိုးမို့ထွေထွေထူးထူးမပြောတော့ပါဘူး။ဒီကားမှာထူးခြားတာကဝူခုန်းရဲ့စွမ်းအားတွေကိုEffectကောင်းကောင်းနဲ့ဇာတ်ကားတစ်ကားလုံးကိုဖန်တီးသွားတာပါ။ဝူခုန်းချစ်သူများအတွက်နောက်ထပ်ပုံစံသစ်တစ်မျိုးနဲ့ဟောင်ကောင်ကားလေးတစ်ကားဖြစ်ပါတယ်။နိုင်ငံတကာမှာလည်းဝေဖန်မှုမျိုးစုံရထားတဲ့ကားဖြစ်ပါတယ်။Action/Fantacyအပြင်ဝူခုန်းရဲ့မေတ္တာရေးပါထည့်သွင်းထားပြီးcomputerအထူးပြုလုပ်ချက်မြိုင်မြိုင်ဆိုင်ဆိင်ရသစုံအောင်ထည့်သွင်းဖန်တီးထားတာတွေ့ရမှာပါ။သေချာတာတော့ခေတ်သစ်အမြင်တမျိုးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်ဝူခုန်းချစ်သူများကိုယ်တိုင်ဇာတ်ကားကိုကြည့်ရှုပြီးအမြင်ဖလှယ်ကြည့်ကြပါဦးဗျာ။

Movie Information :

  • Eddie Peng, Feihong Yu, Linda Zhao, Ni Ni, Qiao Bin, Quentin Zhang, Shawn Yue, Yang Di, Zheng Shuang, 欧豪
  • Action Fantasy
  • 2017-01-01
  • 420

Trailer

Links

Google Drive

Suggested Movies

Home Vpn Rates More