Action (2019)

အရပ်မြင့်မြင့် ဘော်ဒီအချိုးအဆစ်ကျပုံကြောင့် အက်ရှင် ၊ စုံထောက် ၊ အကြမ်းဖက်နှိမ်နင်းရေး ဇာတ်ကားတွေနဲ့ ဗီရှောဟာ လိုက်ဖက်တယ်လို့ ဆိုရမှာပါ။ဒီကားကလည်း စုံထောက်ဆန်ဆန် ၊ အေးဂျင့်ကားဆန်ဆန်နဲ့ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ကာနယ်လ်ဆူဘာ့ရှ်အကြောင်းပါပဲ။ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ ဖခင်ကြီးနဲ့ ၊ သူ့အကိုဖြစ်သူတို့ နိုင်ငံရေးဟောပြောပွဲတစ်ခုရဲ့ စင်မြင့်ပေါ်မှာ မထင်မှတ်ပဲ ဗုံးဖောက်ခွဲ လုပ်ကြံခံရပြီးနောက်ပိုင်း. . .ကာနယ်လ်ဆူဘာ့ရှ်တစ်ယောက် လက်သည်တရားခံကို ဘယ်လိုလိုက်ရှာ ချေမှုန်းမလဲဆိုတာကို. . .ရိုက်ပြထားတာပါ။နိုင်ငံရေးလောကဆိုတာ အင်မတန်ရှုပ်ထွေးပွေလီလှပြီး ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေ လက်ဝါးချင်းရိုက် ပူးပေါင်းသွားရင် ဘာတွေ ဖြစ်လာတတ်သလဲ. . .ပြိုင်ဘက်နိုင်ငံတွေ တစ်ဖက်နဲ့တစ်ဖက် အင်အားပြိုင်ကြတဲ့အခါ. . .ကြားမှာ မြေစာပြင်ဖြစ်ရသူတွေက ဘယ်သူတွေ ဖြစ်မလဲ. . .အိုဗာအက်ရှင်တွေ အတော့်ကို နည်းပါးတဲ့အတွက်. . .မည်သူမဆို ပေါ့ပေါ့ပါးပါး ကြည့်ရှုအားပေးနိုင်ပါတယ်။ဗီရှောနဲ့ တွဲဖက်ပြီး အားဖြည့်သရုပ်ဆောင်ထားသူက ဘာဟူဘာလီဇာတ်ကားထဲက မင်းသမီးချော တမန်နားဟ်(Tamannaah) ဖြစ်ပါတယ်။ဒါ့အပြင် 2020 မှာလည်း ဗီရှောရဲ့ Thupparivaalan 2 ဇာတ်ကား ထွက်ဦးမှာပါတဲ့ ခင်ဗျာ။

Movie Information :

Trailer

Links

Google Drive

Suggested Movies

Home Vpn Rates More