Netflix ရဲ့ Documentary Show တခုဖြစ်ပြီး ၂၀၀၆ ခုနှစ် အာဂျင်တီးနားနိုင်ငံရဲ့အမိမိုက်ဆုံး ဘဏ်ဓားပြမှုအကြောင်း ဖြစ်ရပ်မှန်ရိုက်ကူးထားတာလေးပါ– ဘဏ်ဓားပြတိုက်မှုမှာ ပါဝင်တဲ့လူတွေ ဘယ်လို စုမိသွားတာလဲ – ဘဏ်ဓားပြတိုက်တဲ့ ရည်ရွယ်ချက် – ဓားပြတိုက်တုန်းက သုံးခဲ့တဲ့ကိရိယာတွေကို ဘယ်လိုစဥ်းစားတီထွင်ခဲ့လဲ – ဘယ်လိုအခက်အခဲတွေကြုံတွေ့ရလဲ – ဘယ်လိုထွက်ပြေးလွတ်မြောက်ခဲ့လဲ – ဘာ့ကြောင့်အဖမ်းခံရခဲ့ရတာလဲ – လွတ်မြောက်ပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့လဲ… ဆိုတာတွေကို အသေးစိတ်ပြောပြရင်း အဆုံးထိဆွဲခေါ်သွားမှာဖြစ်ပါတယ်။အမှုမှာကျူးလွန်တဲ့သူတွေအကြောင်းတင် မဟုတ်ဘဲ မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့ ဘဏ်ဝန်ထမ်း ရှေ့နေ ရဲတွေရဲ့ အတွေ့အကြုံတွေပါ ထည့်သွင်းထားလို့ တော်တော်လေးကိုပြည့်စုံပြီး ကြည့်လို့ကောင်းတဲ့ Documentary တစ်ခုပါပဲ။
Buster Keaton, Estela Maris Casal, Fernando Araujo, Gastón Garbus, Gilbert M. Anderson, Leandro Dall Acqua, Luis Mario Vitette, Miguel Ángel Sileo, Osvaldo Seisdedos, Rubén Alberto de la Torre, Sebastián García Bolster, Walter Serrano