Barbie: Star Light Adventure (2016)

Barbie: Star Light Adventure (2016)

2016-01-01
722
Animation Family

ဘာဘီကားလေးတွေကိုမှ ကြိုက်တယ်၊ ဘာဘီရုပ်လေးတွေကိုမှ ချစ်တတ်တဲ့ မိန်းကလေးတွေအတွက် ဘာဘီရုပ်ရှင်စီးရီးရဲ့ စတုတ္ထမြောက်စီးဆင်းထဲက ဒုတိယမြောက်ရုပ်ရှင်ဖြစ်တဲ့ 2016ခုနစ်ထွက် ဘာဘီကားလေးကို ဘာဘီချစ်သူအားလုံးတို့အတွက် မြန်မာစာတန်းထိုးနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ဘာသာပြန်ပေးတဲ့သူကိုယ်တိုင်ငယ်ငယ်လေးကတည်းက ဘာဘီ ကမ္ဘာထဲမှာ Barbieကားတွေကြည့်ရင်းကြီးခဲ့သူဆိုတော့ကား၊ နောက်ခုထိလည်း ကလေးဆန်ဆန်ဘာဘီကားတွေကြည့်နေဆဲမို့လို့ ကိုယ့်လိုဘာဘီချစ်ပရိသတ်တွေကြည့်ဖို့ ဘာသာပြန်ပေးလိုက်တာပါနော်ဇာတ်လမ်းလေးကတော့ တစ်ခါတုန်းက ဂလက်ဆီမှာ ကြယ်တွေဟန်ချက်ပျက်ပြီးပျောက်ကွယ်တော့မယ်ဆိုတဲ့ တဘောင်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီ ပြဿနာကိုဖြေရှင်းဖို့ ဘုရင်ကြီးက အထူးအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီအဖွဲ့အတွက် ဂလက်ဆီရဲ့တစ်နေရာမှာနေထိုင်တဲ့ဟိုဗာဘုတ်စီးကျွမ်းတဲ့ ဘာဘီကို ဘုရင်ကြီးက ဖိတ်ခေါ်ခဲ့ပါတယ်။ ဘာဘီတစ်ယောက် ဘုရင့်နန်းတော်ကိုရောက်ရှိသွားတဲ့အခါမှာ ဘယ်လိုပြဿနာတွေဖြစ်ကြမလဲ။ ဘာဘီရဲ့ချစ်စရာ ကမောက်ကမနိုင်ပုံလေးတွေ…အဖွဲ့တစ်ခု ဖြစ်ဖို့ဘာဘီလုပ်ခဲ့တာလေးတွေနဲ့ စကြာဝဋ္ဌာကြီး အလင်းပြန်ရဖို့ သူတို့အဖွဲ့ ဘယ်လိုတွေကယ်တင်ကြမလဲ? ဘာတွေဖြစ်ကြမလဲဆိုတာကိုတော့ အောက်ကlinkမှာ ကိုယ့်ဘာသာကိုယ် down ကြည့်လိုက်ပါနော် ဒါနဲ့ ဘာဘီက အရမ်းချစ်စရာကောင်းသလို ဇာတ်ဝင်တေးသီချင်းဖြစ်တဲ့ “shooting star” သီချင်းကလည်းအရမ်းနားထောင်ကောင်းတာမို့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ ဘာဘီချစ်သူတွေကို လက်တို့ပြီးတော့ ပြောလိုက်ပါတယ်နော်

Starring

Ben Bledsoe, Dwight Schultz, Erica Lindbeck, Kimberly Woods, Michael Chandler, Robbie Daymond, Sarah Anne Williams

Official Trailer

Download / Watch

Home VPN Rates More