Brain Works (2023)

Brain Works (2023)

2023-01-01
408
Drama

ရှင်းဟာရူ (ဂျောင်ယုံးဟွာ)က ဦးနှောက်နဲ့အာရုံကြောဆိုင်ရာသိပ္ပံပညာရှင်တစ်ဦးပါ။ ဆရာဝန်မျိုးဆက် ၃ဆက်ရှိတဲ့မိသားစုကနေလာပြီးတော့ ဆက်ခံရရှိထားတဲ့အမွေတွေကြောင့် ကြွယ်ဝချမ်းသာသူပဲဖြစ်ပါတယ်။ ရှင်းဟာရူဟာ ကိုယ်ပိုင်ခံယူချက်အတိုင်း ပြောဆိုပြုမူတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိတဲ့သူတစ်ဦးဖြစ်ပေမဲ့ ပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့သူတွေကိုတော့ သနားကရုဏာမထားတတ်ပါဘူး။ ဂွမ်မြောင်ဆယ် (ချာထယ်ဟျွန်း)က စုံထောက်တစ်ဦးပါ။ လူတွေကိုရိုင်းရိုင်းစိုင်းစိုင်းပြောဆိုဆက်ဆံတတ်ပြီးတော့ သူနဲ့မရင်းနှီးတဲ့သူတွေကဆို သူ့ကို လာဘ်စားတဲ့ရဲလို့မြင်ကြပါတယ်။ အမှန်တော့ ဂွမ်မြောင်ဆယ်က ကြင်နာတတ်ပြီးတော့ အမှန်တရားကိုမြတ်နိုးတဲ့ စုံထောက်တစ်ယောက်ပါ။ သူက ဂင်မိုရန် (ရဲဂျီဝန်)နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။ ဂင်မိုရန်ကတော့ ကာမစိတ်အလွန်ပြင်းပြတဲ့သူဖြစ်ပါတယ်။ ရှင်းဟာရူနဲ့ ဂွမ်မြောင်ဆယ်တို့က စိတ်ပညာရှင် ဆောလ်ဆိုဂျောင် (ဂွက်ဆွန်းယောင်း)ရဲ့ အကူအညီနဲ့ ရာဇဝတ်မှုတွေကို အတူတူဖြေရှင်းကြမှာပဲဖြစ်ပါတယ်။ mystery, comedy အမျိုးအစားဖြစ်ပြီးတော့ အပတ်စဉ် တနင်္လာနဲ့အင်္ဂါနေ့တိုင်း KBS2ကနေ ထုတ်လွှင့်ပြသမှာပဲဖြစ်ပါတယ်။ အပိုင်းအနေနဲ့ ၁၆ပိုင်း ပါဝင်ပါမယ်။

Starring

Cha Tae-hyun, Jung Yong-hwa, Kwak Sun-Young, Ye Ji-won

Home VPN Rates More