Butterfly (2022)

အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဒီနှစ်ထဲမှာပဲRowdy Boysနဲ့ Karthikeyan 2ရုပ်ရှင်တွေထွက်ရှိထားတဲ့ မင်းသမီး Anupama ရဲ့ Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဗိုင်ဂျေယန်တီနဲ့ဂီသာတို့ဟာ မိဘတွေမရှိကြတော့ပဲ ကိုယ့်ဘ၀ကိုယ်ရပ်တည်နေကြတဲ့ ညီအစ်မနှစ်ယောက်ဖြစ်ပါတယ်။ ဗိုင်ဂျေယန်တီဟာ အလွန်တော်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီးတော့ အိမ်ထောင်ကွဲ ကလေးနှစ်ယောက်မိခင်လည်းဖြစ်ပါတယ်။တရားသူကြီးဖြစ်ဖို့ကြိုးပမ်းနေတဲ့အပြင် လာဘ်ပေးလာဘ်ယူတွေလက်မခံတဲ့အတွက်ကြောင့်လည်း မုန်းတဲ့သူတွေရှိနေပါတယ်။ ဂီသာကတော့ အစ်မဖြစ်သူကိုအမေတစ်ယောက်လိုလေးစားချစ်ခင်တဲ့သူပါ…။တစ်ရက်မှာတော့ အစ်မဖြစ်သူဒေလီမြို့ကို အင်တာဗျူးဖြေဖို့သွားနေတဲ့အချိန် ဂီသာတစ်ယောက် ကလေးနှစ်ယောက်ကိုကြည့်ရှုပေးထားဖို့ဖြစ်လာပါတယ်။ကျောင်းပို့ဖို့ လှေကားကနေအဆင်း ဂီသာသတိမပြုမိလိုက်တဲ့အချိန်ခဏလေးမှာပဲ ကလေးနှစ်ယောက် ပျောက်ချင်းမလှပျောက်သွားပါတော့တယ်…။ ကလေးနှစ်ယောက်ဘယ်ကိုပျောက်သွားတာလဲ…ပြန်ပေးဆွဲတဲ့သူတွေရှိနေတာလား…အစ်မဖြစ်သူမရှိတဲ့အချိန်မှာ ဂီသာတစ်ယောက် ကလေးတွေကိုဘယ်လိုပြန်ရှာမှာလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာစိတ်၀င်စားဖွယ်ဆက်လက်ကြည့်ရှုရမှာပါ။

Movie Information :

Trailer

Links

Google Drive

Suggested Movies

Home Vpn Rates More