Natural Born Liar (2022)

Natural Born Liar (2022)

2022-12-15
584
Comedy

ဒီတစ်ခါမှာတော့ Menteurဆိုတဲ့ ပြင်သစ် Comedy ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်.. အင်္ဂလိပ်လိုဆိုရင်တော့ Natural Born Liar တဲ့… ဝမ်းတွင်းပါလူလိမ်ပေါ့ဗျာ..ဇာတ်လမ်းအကျဥ်း ဂျယ်ဟွန်းမ်ဘယ်ဟာဒါ ဆိုတဲ့ မလိမ်ရမနေနိုင် လူလိမ်တစ်ယောက်ရှိပါတယ်.. သူများတွေကို လိုက်လိမ်စားတာမျိုးမဟုတ်ပဲ စကားပြောနေရင်းနဲ့ကို အလိမ်တွေညှပ်ပြောတတ်တဲ့သူပါ… တစ်နေ့မှာတော့ သူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သည်းမခံနိုင်တော့တဲ့အဆုံး သူ့ကိုမလိမ်ဖို့ ဝိုင်းပြောပါတော့တယ်… လူလိမ်တွေရဲ့ထုံးစံအတိုင်းပဲ သူမလိမ်ဘူးလို့ ဖင်ပိတ်ငြင်းတာပေါ့… ဒါပေမယ့် နောက်နေ့မနက်ရောက်တော့ သူလိမ်ခဲ့သမျှအရာတွေအကုန်လုံး လက်တွေ့ဘဝမှာ တကယ်ဖြစ်လာတဲ့အခါ….. ဘာကြောင့် ဒီလိုတွေဖြစ်လာတာလဲ….. ကျိန်စာလား….. အရင်အတိုင်းပြန်ဖြစ်အောင် လုပ်လို့ရောရပါ့မလား… တစ်နာရီခွဲစာ ကားလေးဆိုပေမယ့် အသေခွီနေရပါတယ်… ဘယ်ဟာဒါညီအစ်ကို၂ယောက်ရဲ့ အလွဲပေါင်းတစ်သိန်းနဲ့တင် အချိန်ပေးရကျိုးနပ်နေပြီမလို့ မြန်မြန်သာဒေါင်းကြည့်လိုက်ကြပါတော့ HLပရိသတ်ကြီးရေ…..

Official Trailer

Download / Watch

Home VPN Rates More