On Your Wedding Day (2018)

“On your wedding day” ဆိုတဲ့ဇာတ်ကားလေးကိုတော့အထူးတလည်မိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူး။Main lead တွေအနေနဲ့ မင်းသား Kim Young Kwan နဲ့ Strong Woman ရဲ့ချစ်စရာကောင်းတဲ့မင်းသမီးလေး ဘုံဘုံ Park Bo Young တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Rating အနေနဲ့ IMDb 6.9/10 နဲ့ MyDramaList 8.0/10 အထိရရှိထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ Romantic ဇာတ်ကားကောင်းလေးတစ်ကောင်းပါ။“First love will never die” ဆိုသလိုပဲ လူတိုင်းလူတိုင်းမှာ အချစ်ဦးဆိုတာရှိခဲ့ပြီး အကြောင်းမတိုက်ဆိုင်ပဲ လမ်းခွဲခဲ့ရရင်တောင် နှလုံးသားထဲမှာ အမြဲရှင်သန်နေတတ်တာ အချစ်ဦးပါ။ငယ်ရွယ်စဉ်ကျောင်းသားဘဝရင်ခုန်တတ်စအရွယ်ကအချစ်ဦးလေးကိုပြန်လည်လွမ်းဆွတ်သတိရသွားစေမယ့်ကားလေးပါ။ဆွတ်ပျံ့ကြည်နူးဖွယ်ချစ်ခြင်းတရားကိုခံစားရမယ့်ကားကောင်းလေးတစ်ကားဖြစ်ပြီးဘဝရဲ့အချိုးအကွေ့ ကံတရားတွေကိုပါ ပြသထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဟန်ဝူယောင်းဟာ စာညံ့ပြီး အမြဲရန်ဖြစ်ဆိုးသွမ်းနေတဲ့ကျောင်းသားတစ်ယောက်ပါ။သူတို့ကျောင်းကိုကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ဟွမ်ဆွန်ဟီးကိုမတွေ့ခင်အထိပေါ့။သူတို့တွေ့ဆုံပြီးသူငယ်ချင်းသံယောဇဉ် ကနေ ချစ်ခြင်းတရားတစ်ခုပေါက်ဖွားလာခဲ့ပြီးမမျှော်လင့်ဘဲ ဆွန်ဟီးတစ်ယောက် ဝူယောင်းတို့မြို့လေးကနေ ထွက်ခွာသွားတဲ့အခါ..စာညံ့တဲ့ ဝူယောင်းတစ်ယောက်ကတော့ တက္ကသိုလ်မရောက်ခဲ့ပါဘူး။တနေ့မှာ လက်ကမ်းကြော်ငြာတစ်ခုမှာ ဆိုးလ်အမျိုးသားတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ သူချစ်ရတဲ့ အမျိုးသမီးလေး ဆွန်ဟီးရဲ့ပုံကိုမထင်မှတ်ဘဲ တွေ့လိုက်ရတဲ့အခါ ဝူယောင်းတစ်ယောက် တက္ကသိုလ်တက်ရဖို့အပြင်းအထန်ကြိုးစားပါတယ်။ဆိုးလ်အမျိုးသားတက္ကသိုလ်ဟာ တောင်ကိုရီးယားရဲ့ ထိပ်တန်းတက္ကသိုလ်တစ်ခုပါ။ဝူယောင်းလိုစာညံ့တဲ့ကျောင်းသားအတွက်တော့ ဝင်ခွင့်ရဖို့ခက်ခဲတဲ့ တက္ကသိုလ်ပေါ့။အချစ်ရဲ့တွန်းအားတစ်ခုထဲနဲ့ ကြိုးစားပြီး တက္ကသိုလ်တက်ခွင့်ရခဲ့တဲ့ ဝူယောင်း၊ဆွန်ဟီးနဲ့ ပြန်လည်ဆုံတွေ့ရသော်လည်း သူမမှာချစ်သူရှိနေမှန်းသိလိုက်ရသောအခါ…အချစ်နဲ့ဘဝအကြောင်းကိုပြောပြမယ့်ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ ပျော်ရွှင်စရာတွေ၊ သူငယ်ချင်းသံယောဇဉ်တွေကို ခံစားရမယ့်အပြင် ချစ်ခြင်းမေတ္တာရဲ့တန်ဖိုးကိုပါ ပြောပြပါလိမ့်မယ်

Movie Information :

  • Ahn Gil-kang, Bae Hae-sun, Cha Yup, Go Gyu-pil, Jang Sung-bum, Jeon Bae-soo, Kang Ki-Young, Kim Young-kwang, Park Bo-young, Seo Eun-su
  • Asian Comedy Romance
  • 2018-01-01
  • 258

Trailer

Links

Google Drive
Episode- ~Movie Drive

Suggested Movies

Home Vpn Rates More