လူတွေဟာ အကြောက်တရားနဲ့ပတ်သက်လာရင် လုပ်မိလုပ်ရာ လုပ်တတ်ကြရင်း ရှုပ်ထွေးသွားတတ်ကြပြီး ပြဿနာတွေတစီတတန်းကြီးတတ်ခဲ့ရပုံကို ဒီဇာတ်ကားလေးက မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်ကားနာမည်က မာလာယလမ်ဘာသာနဲ့ ပြန်ရင် ဆော်ဒီအုန်းသီးနုတဲ့ဟုတ်ပါတယ် ဆော်ဒီအာရေဗျက အုန်းသီးနုတော့ မဟုတ်ဘူးနော်မာလာယလမ်က ဒေသတစ်ခုလေးရဲ့နာမည်ကိုပြောတာပါဒီဇာတ်ကားလေးက အမှုတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်ကလေးတွေဟာ ခရစ်ကတ်ကစားရင်းနဲ့ အဖွားအိုကိုထိမှန်သွားရာကနေ စပြီး ဒီအမှုဟာ ကိုးနှစ်ကြာအထိ ကြာညောင်းခဲ့ပါတယ် အမှန်တော့ သူတို့မိသားစုကို ကြည့်မရတဲ့ဘေးအိမ်က တရားလိုမိသားစုကိုမြှောက်ထိုးပင့်ကော်လုပ်ပြီးအမှုဖွင့်ခိုင်းခဲ့တာပါ ပုဒ်မကလည်း ၃၂၆ အာမခံမရတဲ့ပုဒ်မပေါ့ အဘွားအရွယ် ဆီးချို သွေးတိုးလည်းရှိတဲ့လူအတွက် လွယ်ကူမနေလေတော့…. ဆက်လက်ပြီး ဒီအမှုမှာ ဘယ်သူဟာ အမှန်တရားကို အောင်နိုင်မလဲ ဘာတွေသင်ခန်းစာရမလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါနော်..။
Abu Valayamkulam, Binu Pappu, Deepak Vijayan, Devi Varma, Dhanush Varghese, Dhanya Ananya, Gokulan, Joji Mundakayam, Kiran Peethambaran, Kurian Chacko, Lukman Avaran,