The Pacifier (2005)

The Pacifier (2005)

443
Action Comedy Family

The Pacifier (2005)ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက “ချိုလိမ်” ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ အမှားအယွင်းတွေဖြစ်လာပြီးနောက် စစ်ဆင်ရေးလည်း မအောင်မြင်ခဲ့ပဲ Shane ကိုယ်တိုင် ဒဏ်ရာနဲ့ ဆေးရုံပေါ်ရောက်လာတော့တာပါပဲ။ တီထွင်သူ ပရော်ဖက်ဆာရဲ့ ဇနီးသည်က ကိရိယာကို သွားယူနေစဉ်မှာ Shane တစ်ယောက် ကလေးတွေကို ကာကွယ်ဖို့ ဖြစ်လာရာမှာတော့ ကလေးဆိုးတွေနဲ့ စည်းကမ်းတကျ စစ်သားကောင်းကြီးတို့ ဘယ်လို ဘုဘောက်ကျ မလဲဆိုတာ ပြုံးတုံ့တုံ့ ကြည့်ရှုရပါမယ်။Disney ရဲ့ လက်ရာဖြစ်လို့ အထင်တော့ မသေးသင့်ပါဘူး။ ဇာတ်ကားဟောင်းတွေက ကျွန်တော်တို့ရဲ့ ခေါင်းကိုက်ပျောက်ဆေးတွေပါ။ ငယ်ဘဝရဲ့ အငွေ့အသက်လေးတွေကို ပြန်လည်ဖမ်းဆုပ်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ…။

Starring

Vin Diesel

Official Trailer

Download / Watch

Home VPN Rates More