The Wedding Veil Unveiled (2022)

The Wedding Veil Unveiled (2022)

2022-12-13
624
Romance

ဒီကားလေးကတော့ The Wedding Veil Trilogy ရဲ့ ဒုတိယမြောက်ကား The Wedding Veil Unveiled ပဲဖြစ်ပါတယ်။ဒီဒုတိယကားမှာတော့ မင်္ဂလာမျက်နှာလွှားဇာလေးကို ရှာတွေ့ပြီး ဝယ်ယူခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲကမှ Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံရမယ့် အချိန်ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ဇာတ်လမ်းလေးကို အညွှန်းအတိုလေးနဲ့ ပြောပြရမယ်ဆိုရင်တော့… ဇာတ်လမ်းအစမှာ LDRS ဘဝကနေ ချစ်သူကနောက်ရည်းစားရသွားလို့ အသည်းကွဲသွားရတဲ့ Emma တစ်ယောက် အီတလီကို စာသင်ဖို့ထွက်လာရာက စထားပါတယ်။ သူအီတလီကို မထွက်ခင်မှာ သူတို့ရှာတွေ့ထားတဲ့ ဇာထည်လေးက အီတလီကဖြစ်တာကြောင့် Emma ဟာ ဒီဇာထည်ရဲ့ မူလဇာစ်မြစ်ကိုသိဖို့ သူနဲ့အတူယူသွားပါတော့တယ်။ ဒီတော့ Emmaတစ်ယောက် အီတလီမှာ စာသင်ရင်းတစ်ဖက် ဇာထည်ရဲ့ဇာစ်မြစ်ကို ရှာရာက ဇာထည်ရဲ့အကြောင်းအပြင် Paolo ဆိုတဲ့လူတစ်ယောက်နဲ့ အကြောင်းဖန်ပြီး တွေ့ဆုံရပါတော့တယ်။ သူတို့နှစ်ယောက်တွေ့ဆုံပြီး အရာအားလုံးတိုက်ဆိုင်ရာကနေ နှစ်ယောက်အတူ ဇာထည်ရဲ့ ဇာစ်မြစ်ကိုရှာဖွေရင်း အချစ်စစ်ကိုပါရှာတွေ့သွားကြပေမယ့် LDRS ကို ကြောက်ရွံ့နေတဲ့ Emma အဖို့ သမုဒ္ဒရာခြားနေတဲ့ လူနှစ်ယောက်ချစ်ဖို့ဆိုတာ အတွေးနဲ့တင် မလွယ်ကူလှခဲ့ပါဘူး။ဒီလိုအချစ်ကားတွေဟာ အရမ်းညွှန်းပြစရာမရှိပေမယ့် ကြည့်နေရင်း လူကိုကြည်နူးစေမယ့်ခံစားချက်ကတော့ ရွှေလိုပဲပေါ့ ခင်ဗျာ။ဒီတော့ ဒီကားရဲ့အဓိကဇာတ်ဆောင် Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံမှုအကြောင်းနဲ့ ဇာထည်ရဲ့ ဇာစ်မြစ်အကြောင်းတွေကို အီတလီရဲ့ အလှအပ၊ အီတလီရဲ့သမိုင်း ပုံပြင်တွေနဲ့အတူ လိုက်ပါကြည့်ရှုရင်း သိပ်လှပပြီး ကြည်နူးစရာကောင်းတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်ထဲရောက်နေမှာအသေအချာပါပဲ ခင်ဗျာ။

Starring

Alessandra Carrillo, Alison Sweeney, Anastasiya Levordashka, Anna Maria Everett, Autumn Reeser, Boryana Babanova, Bruno Billota, Camillo Pardi, Dora Romano, Julian Vergov, ...

Official Trailer

Download / Watch

Home VPN Rates More