Spirited Away (2001)

Spirited Away (2001)

2001-01-01
841
Adventure Animation Family

Won 1 Oscar. Another 57 wins & 30 nominations နောက် ထပ် Studio Ghibli ရဲ့ artwork တစ်ခုနဲ ့မိတ်ဆက် ပေးချင် ပါတယ်။တစ်ကယ်တော့ မိတ်ဆက် တယ် ဆိုတာထက်ပြန်ပြီး remind လုပ်တာ ဆိုရင် ပိုမှန် ပါလိမ့်မယ်။Spirited Away ပါ။Otaku တော်တော်များများ ကြည့်ဖူး ကြလိမ့်မယ် လို့ ထင်ပေမယ့် ကောင်းလွန်း၊ သဘောကျလွန်း တာကြောင့်မရေးပဲ မနေနိုင်လို့ ရေးလိုက် ရပါတယ်။၁၀နှစ်သမီးလေး Chihiro ဟာသူမရဲ့ မိဘနှစ်ပါး နဲ့အတူ တစ်ခြား မြို့တစ်မြို့ကိုအိမ်ပြောင်းဖို့ခရီးထွက် လာပါတယ်။တောလမ်း ခရီး တစ်နေရာ မှာ လိုဏ်ခေါင်း ကြီးတစ်ခုကို တွေ့တော့ Chihiro ရဲ့မိဘတွေက ဝင်ကြည့် ပါတယ်။လိုဏ်ဂူထဲ ကို ဝင်မကြည့် ချင်ပေမဲ့လည်းကားပေါ်မှာ တစ်ယောက်တည်း နေဖို့ ကြောက်တဲ့ Chihiro ကလည်းမိဘတွေနဲ့အတူ လိုက်လာ ပါတယ်။လိုဏ်ခေါင်းရဲ့ တစ်ဖက်ခြမ်း မှာတော့ ပျက်စီးနေပြီ ဖြစ်တဲ့theme park ကြီး တစ်ခုကို တွေ့ကြ ရပါတယ်။Park ထဲမှာ လျှောက်သွား ကြရင်း တစ်နေရာမှာ ဖွယ်ဖွယ်ရာရာပြင်ဆင်ထား တဲ့ စားစရာတွေ ကို တွေ့တော့ Chihiro ရဲ့ မိဘများ ကမနေနိုင်ပဲ ယူစား မိပါတယ်။Chihiro ကတော့ စားချင်စိတ် မရှိတာကြောင့်မစားပဲ လျှောက်သွား နေ ပါတယ်။လျှောက်သွားနေရင်း တစ်နေရာ အရောက်မှာကြီးမားလှတဲ့ bath house ကြီး တစ်ခုကို တွေ့ပါတယ်။Bath house ကြီးကို တအံ့တဩ မော့ကြည့် နေတုန်းမှာပဲ ရုတ်တရက် ဆိုသလို မျက်လုံးအစိမ်းနဲ့ ကောင်လေးတစ်ယောက် Chihiro နားကို ရောက်လာ ပါတယ်။“မင်း ဒီမှာ မရှိသင့် ဘူး။ ခု ချက်ချင်း ထွက်သွား ။ညရောက် တော့မယ်။ မမှောင်ခင် အမြန်ဆုံး ထွက်”။ပြောရင်း ဆိုရင်းပဲ အနီးအနားက အိမ်တွေက မီးတွေ လင်းလာ ပါပြီ။Chihiro ဟာ ကောင်လေး ပြောတဲ့ စကားတွေ ကိုနားမလည် နိုင်ပေမဲ့ ကောင်လေး က အမြန် တွန်းထုတ် တဲ့အတွက်ကြောက်လန့်တကြား နဲ့ မိဘတွေ ရှိရာကို ပြေးထွက် သွားပါတယ်။ဒါပေမဲ့ သူမရဲ့ မိဘတွေ ကို မြင်လိုက် ရ တဲ့အခါမှာကိုယ့် မျက်စိ ကိုယ် မယုံနိုင် လောက်အောင် ဖြစ်သွား ရပါတယ်။Chihiro တစ်ယောက် spirit world မှာ ပိတ်မိ သွားပါပြီ။အဖြစ်ဆိုး ကြုံရတဲ့ သူမရဲ့ မိဘတွေ ကိုလည်း ကယ်ရ ပါဦးမယ်။Spirit world မှာ အသက်ရှင် ရပ်တည်ဖို့နဲ့ human world ကိုပြန်လည် လွတ်မြောက်ဖို့ ၁၀နှစ် သမီးလေးChihiro တစ်ယောက် လုပ်နိုင် ပါ့မလား။ဆက်လက် ကြည့်ကြ စေလိုပါတယ်။ပြောခဲ့တဲ့ အတိုင်းပါပဲ Spirited Away ဟာ Studio Ghibli ရဲ့ လက်ရာပါ။Ki Ki Delivery Service, My Neighbour Totoro, Whisper of the Heart စတဲ့နာမည်ကြီး anime movie များစွာ ကို ရိုက်ကူးတဲ့director Hayao Miyazaki ရဲ့ ဖန်တီးမှု တစ်ခု ဖြစ်ပါတယ်။Spirited Away ဟာ Studio Ghibli ကို ကြီးမားတဲ့ မှတ်တိုင် စိုက်ထူ နိုင်စေ ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ ၂၀၀၁ ခုနှစ်မှာ Walt Disney Pictures ကEnglish adaptationရ ပြီးနောက် ၂၀၀၂ ခုနှစ်မှာGolden Bear နဲ့ Best Animated Feature award တို့ကိုဆွတ်ခူး နိုင်ခဲ့လို့ ပါပဲ။ဒါဟာ English speaking world ရဲ့အပြင်ကဒီလို ဆုမျိုး ကိုရရှိခဲ့တဲ့ တစ်ခုတည်း သော ကာတွန်းရုပ်ရှင်ပါ။နာမည်ကြီးသလောက် ကြည့် ဖို့ထိုက်တန်တဲ့ဒီ anime movie ကို မတော်တဆမကြည့်ရသေးဘူးဆိုရင် ကြည့်ဖြစ်အောင်ကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်။(ရုပ်ရှင်အညွှန်းကိုတော့ mmotaku.net မှကူးယူဖော်ပြထားခြင်းဖြစ်ပြီး မြန်မာစာတန်းထိုးကိုတော့ကိုတင်အောင်ဖြိုးမှ ကိုယ်တိုင်ဘာသာပြန်ထားတာဖြစ်ပါတယ်။)

Starring

Bunta Sugawara, Mari Natsuki, Miyu Irino, Rumi Hiiragi, Ryûnosuke Kamiki, Takashi Naitō, Tatsuya Gashûin, Yasuko Sawaguchi, Yo Oizumi, Yumi Tamai

Official Trailer

Download / Watch

Home VPN Rates More